နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ ပြန်လည်သုံးသပ်မှုတွင် UNDP ဘက်မှ ပြည်တွင်း၊ ပြည်ပ ပညာရှင် ကူညီထောက်ပံ့ ပေးရန် ကိစ္စဆွေးနွေး

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းသည် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (United Nations Development Programme – UNDP) မှ Country Director ဖြစ်သူ Mr. Peter Batchelor ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာ ၃ဝ ရက် ညနေ ၃ နာရီခွဲက နေပြည်တော် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ တွေ့ဆုံကာ  ပြည်ထောင်စုရာထူးဝန် အဖွဲ့နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့အကြား ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

Keep reading