မြို့ပြ အုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု
မြန်မာနိုင်ငံရှိ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများအကြောင်း
နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI) ဆိုသည်မှာ စီးပွားရေးလုပ်ငန်းတစ်ခုတွင် ရင်းနှီးမြုပ်နှံမှုဖြင့် လာရောက်နေထိုင်လုပ်ကိုင်သူတစ်ဦးသည် အခြားစီးပွားရေးလုပ်ငန်းတစ်ခုတွင် နေထိုင်လုပ်ကိုင်သူ အပေါ် သိသိသာသာ လွှမ်းမိုးချုပ်ကိုင်ခွင့်ကို အတိုင်းအတာတစ်ခုအထိ ရရှိစေနိုင်မည့် ရည်ရှည် အကျိုးစီးပွားကို ဖန်တီးပေးသည့် နယ်စပ်ဖြတ်ကျော် ရင်းနှီးမြုပ်နှံမှု အမျိုးအစားတစ်ခုဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဟုဆိုရာတွင် နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ အရင်းအနှီး စီးဆင်းမှုကိစ္စများ ပါ၀င်ပြီး နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများအတွက် ပြည်တွင်း ကုမ္ပဏီများနှင့် ပိုင်ဆိုင်မှုများကိုခွဲဝေရာတွင် အစုရှယ်ယာ အများအပြား ပိုင်ဆိုင်ခွင့်ကို ပေးထားခြင်းဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုသည်မှာ စီးပွားရေးလုပ်ငန်းဗျူဟာများကို အကောင်အထည် ဖော်ဆောင်ရွက်ကြရာတွင်နိုင်ငံခြားရင်းနှီးမြုပ်နှံသူအား ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ခွင့်ရရှိစေရန် သို့မဟုတ် လုံလောက်သော ...