လူမှုဖွံ့ဖြိုးတိုးတက်ရေး
ပညာရေး နှင့် လေ့ကျင့်သင်ကြားရေး
မဲခေါင်သစ်တောများအတွက် ဒေသခံတို့၏အသံ (V4MF မြန်မာ)- မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းအချို့သည် သစ်တောကဏ္ဍ ပညာပေးစည်းရုံးရေးအတွက် အချက်အလက်အသိပညာ တတ်မြောက်မှု ကို ရရှိခဲ့ပါသည်
အချက်အလက်ဆိုင်ရာတတ်မြောက်ကျွမ်းကျင်မှု တိုးတက်ရန်လိုအပ်ချက်ကို မြန်မာ့သစ်တောလုပ်ငန်းကဏ္ဍရှိ အရပ်ဘက်အဖွဲ့အစည်းများက တွေ့ရှိခဲ့ပါသည်၊၊ ထို့ကြောင့် ၎င်းတို့သည် သစ်တောဆိုင်ရာ ပညာပေးစည်းရုံးရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် အချက်အလက်အသိပညာ တတ်မြောက်မှုတွင် အားထုတ်ကြိုးပမ်းခဲ့ကြသည်။ East-West Management Institute (EWMI) ၏ လုပ်ငန်းအဖွဲ့တစ်ခုဖြစ်သော Open Development Initiative (ODI) သည် ထိုင်း၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံများတွင် သစ်တောလုပ်ငန်းကွန်ယက်အဖွဲ့များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးစည်းရုံးရေးအဖွဲ့အစည်းများအား အချက်အလက်အသိပညာ တတ်မြောက်မှုသင်တန်းစဉ်များကို ပို့ချပေးလျက်ရှိသည်။ မကြာမီကပင် မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းအချို့အတွက် အလားတူသင်တန်းတစ်ခုကို ပို့ချပေးနိုင်ခဲ့ပြီး၊ ကပ်ရောဂါနှင့် လတ်တလောနိုင်ငံရေးမတည်ငြိမ်မှုကြောင့် အွန်လိုင်းဖြင့်သာ ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာမှ နိုဝင်ဘာအထိ ...