blog
ဒေတာ visualization သင်တန်းမှရသောသင်ခန်းစာများ
Open Development Myanmar အနေနဲ့ ဒေတာအချက်အလက်တွေကို လူအများနားလည်အောင် မြင်သာသောပုံစံနဲ့ ပြသပေးလျက်ရှိပါတယ်။ သဘောကတော့ ဒေတာ တွေကို ပုံနဲ့ပြဖို့ ဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဥ်အလုပ်မှာ အရေးကြီးတဲ့အရာ တစ်ခုဖြစ်နေပါတယ်။ ၂၀၁၈ ဇွန်လတုန်းက the Knight Center for Journalism အဖွဲ့အစည်းကအင်တာနက်ပေါ်မှာ ဒေတာ visualization သင်တန်း တစ်ခု ပေးခဲ့ပြီး ဒေတာတွေကိုပုံစံအမျိုးမျိုးနဲ့ဖော်ပြရာမှာ ထိထိရောက်ရောက်နဲ့ ဆွဲဆောင်နိုင်အောင် နည်းလမ်းကောင်းတွေ သင်ကြားပေးထားပါတယ်။ မိမိတို့ရဲ့နေ့စဥ်အလုပ်မှာ ဒေတာတွေကိုပုံနဲ့ပြနေရသူတွေအတွက် ရည်ရွယ်ထားတဲ့သင်တန်းဖြစ်ပြီး ဒေတာအခြေခံ သတင်းရေးအတတ်ပညာမှာ အရေးပါထင်ရှားတဲ့ ပါမောက္ခတစ်ဦးဖြစ်တဲ့ Alberto Cairo ကသင်ပြပေးထားပါတယ်။ ...