စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်း
စိုက်ပျိုးရေး
လယ်ယာ စိုက်ပျိုးရေး
မြန်မာနိုင်ငံသည် သမိုင်းကြောင်းအရ လယ်ယာစိုက်ပျိုးရေး ကိုအခြေခံသည့် နိုင်ငံဖြစ်ရာ တိုင်းပြည်၏ စီးပွားရေး ထုတ်ကုန် အများစုမှာ လယ်ယာစိုက်ပျိုးရေး ကဏ္႑မှ ဖြစ်သည်။ ၂၀၀၃ ခုနှစ် မြန်မာစိုက်ပျိုးရေး သန််းခေါင်စာရင်း ၏ ဖေါ်ပြချက် အရ မြန််မာနိုင်ငံတွင် လယ်ယာ လုပ်ကိုင်သူ မိသားစု ၃.၄၆ သန်း ရှိပြီး လယ်ယာမြေ ၈.၇ သန််း ဟတ်တာ ပေါ်တွင် စိုက်ပျိုး လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။1 မြန်မာနိုင်ငံရှိ လယ်ယာစိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ အလုပ်သမား တစ်ဦး၏ တစ်နှစ် ၀င်ငွေမှာ ၂၀၁၂ ခုနှစ်တွင် ခန့်မှန်းခြေ အမေရိကန် ...