ဌာနေတိုင်းရင်းသားများနှင့် ဒေသခံလူထုလူငယ်များအတွက် WIPOမှ 2021-2022 ဓါတ်ပုံဝင်ပြိုင်ဆု လျှောက်လွှာများ ခေါ်ယူခြင်း

ဌာနေတိုင်းရင်းသားများနှင့် ဒေသခံရပ်ရွာလူငယ်များအတွက် WIPO ၏ ဓာတ်ပုံဆုချီးမြှင့်ခြင်းကို နိုင်ငံတကာလူငယ်များနေ့ (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၂) တွင် စတင်ခဲ့သည်။ ဌာနေတိုင်းရင်းသားများ၊ ဒေသခံပြည်သူများမှ အဖွဲ့ဝင်များသာမက ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲ၊ ဓာတ်ပုံပညာ၊ ဉာဏပစ္စည်း၊ မီဒီယာ၊ စွန့်ဦးတီထွင်မှုနယ်ပယ်များတွင် လုပ်ကိုင်ဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ အစိုးရများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းမှ အဖွဲ့ဝင်များပါ ပါဝင်ဖွဲ့စည်းထားသည့် အကြံပေးအဖွဲ့နှင့် ညှိနှိုင်းတိုင်ပင်ကာ WIPO က ဤဓာတ်ပုံဆုကို စီစဉ်ထားသည်။

WIPO သည် ဤဓာတ်ပုံဆုမှတဆင့် ဌာနေတိုင်းရင်းသားလူငယ်များ၊ ဒေသခံရပ်ရွာလူငယ်များ၏ တီထွင်ဖန်တီးနီုင်စွမ်းကို ဂုဏ်ပြုရန်၊  ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အပြင် ၎င်းတို့၏ မူပိုင်ခွင့်ဆိုင်ရာ အသိအမြင်ကို မြှင့်တင်ပေးရန် ရည်ရွယ်သည်။

ဓာတ်ပုံများက ဖော်ပြသင့်သည်မှာ …

  • မိမိအသိုင်းအဝိုင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင် (မြေ၊ လေ၊ ရေ၊ သစ်ပင်ပန်းမန်များနှင့် တိရစ္ဆာန်များ၊ စသည်ဖြင့်) အပေါ် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်ခြင်း နှင့်/သို့မဟုတ်
  • ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်ခြင်းအား ဟန့်တားကာကွယ်ရန် သို့မဟုတ် လျှော့ချရန် ဌာနေတိုင်းရင်းသားရိုးရာဗဟုသုတများကို အခြေခံထားသည့် အလေ့အထများ သို့မဟုတ် မိမိအသိုင်းအဝိုင်းတွင် ခွင့်ပြုထားသော ရာသီဥတုဆိုင်ရာဆောင်ရွက်ချက်များ

နောက်ဆုံးတင်သွင်းရမည့်ရက် – ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၂

ဆက်လက်ဖတ်ရှုရန် >>>