COVID-19 ကာလ၌ အွန်လိုင်းအသုံးပြုရာတွင် လုံခြုံစိတ်ချမှုရှိစေရန် သိကောင်းစရာ အချက် ၉ ချက်
ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်း အွန်လိုင်း လုံခြုံမှုရှိစေရန် အသုံးပြုခြင်း
COVID-19 ကူးစက်ရောဂါသည် လူတစ်ဦးတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသာမက ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ကိုယ်ရေးကိုယ်တာသုံးစွဲမှုတို့ကိုပါ ကာကွယ်ရန် လိုအပ်ကြောင်းကို ဖော်ထုတ်ပြသခဲ့ပါသည်။ Open Development Initiative သည် ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်း အသုံးပြုရာတွင် လုံခြုံစိတ်ချမှုရှိစေရန် သိကောင်းစရာ အချက် ၉ ချက် ကို ရေးသားပြုစုထားပါသည်။
မဲခေါင်ဒေသတွင်းရှိ သတင်းအချက်အလက်များအား အွန်လိုင်းပေါ်မှရယူပြီး အိမ်မှနေ၍ အလုပ်လုပ်ရန် လိုအပ်လာမှုကြောင့် ၎င်းကို ရေးသားပြုစုရခြင်းဖြစ်ပါသည်။ အချို့နိုင်ငံများတွင် ဒစ်ဂျစ်တယ်အက်ပလီကေးရှင်း များစွာ ပေါ်ထွက်လာပြီး ကူးစက်ရောဂါနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို နောက်ကြောင်း လိုက်စစ်ဆေးရန် သို့မဟုတ် ကူညီပံ့ပိုးပေးရန် ၎င်းတို့ကို အသုံးပြုကြခြင်းဖြစ်သည်။ နေ့စဉ်လူမှုဘဝတွင် ခပ်ခွာခွာနေခြင်း (Social distancing) အား ထောက်ပံ့ပေးရန်အတွက် Zoom နှင့်ပြုလုပ်သောအစည်းအဝေးများ၊ Skype ဖြင့် ဖုန်းခေါ်ဆိုမှုများ၊ WhatsAppဖြင့် မက်ဆေ့ခ်ျပေးပို့ခြင်းတို့သည် အဆန်းတကျယ်အလုပ်များ မဟုတ်တော့ပေ။
ဤနည်းလမ်းအားလုံးကို အသုံးပြုရာတွင် ကိုယ်ရေးကိုယ်တာများနှင့် အန္တရာယ်ဖြစ်စေနိုင်သော အထောက်အထားများကို တင်ခြင်းကြောင့် အသုံးပြုသူများသည် ဆိုက်ဘာလုံခြုံရေးပြဿနာများနှင့် ရင်ဆိုင်နေရပါသည်။ စင်စစ်အားဖြင့် ကူးစက်ရောဂါသည် သတင်းမှားများ မကြုံစဖူး ကျယ်ပြန့်စွာပျံ့နှံ့မှုနှင့် အတူ ခိုးနားထောင်သူများ၊ phishing လိမ်လည်မှုများနှင့် အခြားဆိုက်ဘာလုံခြုံရေးပြဿနာများကို တိုးပွားလာစေသည်။
သတင်းအချက်အလက်ဆိုင်ရာ ပိုစတာများကို လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ရရှိနိုင်ပြီး ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းမိတ်ဖက်များမှတဆင့် ဌာနေတိုင်းရင်းသားလူမျိုးများအတွက် အော့ဖ်လိုင်းဖြင့် ရရှိနိုင်စေရန် ဆောင်ရွက်ထားပါသည်။ CC BY-SA 4.0 လိုင်စင်အရ ဒေါင်းလုပ်ချ၍ ပြန်လည်ဖြန့်ဝေနိုင်ရေးအတွက် Open Development ပလက်ဖောင်းများတွင်လည်း ရရှိနိုင်ပါသည်။
COVID-19 ကာလ၌ အွန်လိုင်းအသုံးပြုရာတွင် လုံခြုံစိတ်ချမှုရှိစေရန် သိကောင်းစရာ အချက် ၉ ချက် (မြန်မာဘာသာဖြင့်)
Download full-size PDF (5.1 MB)